Home
အားကစား
အိမ်ရှင်အဖြစ် ယူရိုပြိုင်ပွဲတွင် အောင်မြင်မှုရယူရန် ဂျာမနီနည်းပြသစ် မျှော်လင့်
DVB
·
September 23, 2023

၂၀၂၄ ခုနှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်  ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲမှာ အောင်မြင်မှု ရယူဖို့ ဂျာမနီနည်းပြသစ် နာဂယ်စ်မန်းက မျှော်လင့်နေပါတယ်။

သူဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပေမဲ့ ဂျာမန်အက်ဖ်အေက လစ်လပ်နေတဲ့ လက်ရွေးစင်အသင်း နည်းပြချုပ်ရာထူး တာဝန်ပေးအပ်ခဲ့တာပါ။

အသက် ၃၆ နှစ်ပဲ ရှိသေးတဲ့ ဂျာမန်နည်းပြဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအထိ စာချုပ်ချုပ်ဆိုခဲ့ပြီး အိမ်ရှင်အဖြစ် ကျင်းပတဲ့ပြိုင်ပွဲမှာ အောင်မြင်မှုရယူသွားချင်ကြောင်း ပြောပါတယ်။

ဆယ်စုနှစ်အနည်းငယ်ကြာမှသာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့ ယူရိုပြိုင်ပွဲဟာ ထူးခြားပြီး စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပေမဲ့ အောင်မြင်မှု ရရှိအောင် လုပ်ဆောင်သွားချင်ကြောင်း နာဂယ်စ်မန်းက ပြောပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲကို လာမယ့်  ၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပသွားမှာပါ။

နာဂယ်စ်မန်းအတွက် ဂျာမနီနည်းပြအဖြစ် ပထမဆုံးပွဲစဉ်က အမေရိကန်အသင်းနဲ့ ဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024