အသင်းဖော်ဂိုးသမား အာရွန်ရမ်စ်ဒေးအနေနဲ့ ပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်ရလိမ့်မယ်လို့ အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက ပြောသွားပါတယ်။
စပိန်ဂိုးသမား ရာယာဟာ အာဆင်နယ်အသင်းရဲ့ နောက်ဆုံးနှစ်ပွဲဆက်တိုက် ပွဲထွက်ခွင့်ရရှိခဲ့ပြီး အဲဒီနှစ်ပွဲစလုံးမှာ ပေးဂိုးမရှိအောင်စွမ်း ဆောင်နိုင်ခဲ့တာပါ။
ပီအက်စ်ဗွီနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပွဲကစားခဲ့ရတာက အိပ်မက်တစ်ခု အ မှန်တကယ်ဖြစ်လာတာ ဖြစ်ကြောင်း၊ အသင်းဖော်ဂိုးသမား ရမ်စ်ဒေး အနေနဲ့ ပွဲထွက်ခွင့် ပြန်လည်ရရှိဖို့ တိုက်ပွဲဝင်သွားဖို့လိုအပ်ကြောင်း ဂိုးသမားရာယာက ပြောပါတယ်။
ဒါ့အပြင် ပွဲထွက်ခွင့်ရွေးချယ်မှုဟာ နည်းပြအာတေတာရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ အာရွန်ရမ်စ်ဒေးလို ဂိုးသမားရှိနေတဲ့အသင်းမှာ ပွဲထွက်ခွင့်ရဖို့ဆိုတာ အလွန်ခက်ခဲပြီး အမြဲတမ်း အဆင်သင့်ဖြစ်နေဖို့ လိုအပ်ကြောင်းလည်း ဂိုးသမားရာယာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ အခုတစ်ပတ် တနင်္ဂနွေနေ့မှာ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး ဘယ်ဂိုးသမားကို ပွဲထွက်စေမလဲဆိုတာ ပွဲနီးမှ သေချာသိရဖို့ရှိပါတယ်။
Photo-Reuters