Home
မြန်မာသတင်း
သထုံခရိုင်တွင် လမ်းခရီးအခက်အခဲကြောင့် ဝါးတင်သည့်ကားသမားများ အလုပ်ရပ်နား
DVB
·
September 20, 2023

ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ ၁ ကေအန်ယူထိန်းချုပ်နယ်မြေမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဝါးတင်တဲ့ ကားသမားတွေ အလုပ်ရပ်နားထားရပါတယ်။

ဝါးတင်ကားတစီးကို ဝါးအလုံးရေ ၁,၅၀၀ ကျော်လောက် တင်နိုင်ပြီး ဇီးပြောင်း၊ မိုးပေါ၊ ကျားချောင်းတို့ဘက်က ဝါးတွေကို သွားရောက်သယ်ယူတာ ဖြစ်ပါတယ်။

ဝါးကားပိုင်ရှင်တဦးက “ဒီနှစ်တော့ တောပေါ်သွားလို့မရတော့ဘူး။ တိုက်ပွဲတွေကလည်း ဖြစ်နေတော့ ကားက လုံးဝရပ်နားထားလိုက်ပြီ၊ တခြားအလုပ် ပြောင်းလုပ်နေတယ်” လို့ ပြောပါတယ်။

ဝါးကားတွေဟာ အဆိုပါကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ မကြာခဏ စစ်ကြောင်းထိုးတာနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ နှစ်ဖက် အပြန်အလှန် တိုက်ပွဲတွေကြောင့် လမ်းခရီးအခက်အခဲဖြစ်လို့ နားရတယ်လို့လည်း သိရပါတယ်။

ဝါးလာတင်တဲ့ကားအများစုဟာ ကျိုက်ထိုမြို့နယ်ထဲကဖြစ်ပြီး ဝါးကို ကွမ်းခြံစိုက်တဲ့ တောင်သူတွေက ဝယ်ယူပါတယ်။ ဝါးတလုံးကို ကျပ် ၂၆၀ ပေးရပြီး ကားတစီးကို ကွမ်းခြံ ၃ ခြံ ၄ ခြံစာ ရပါတယ်။

တင်တဲ့ဝါးအမျိုးအစားမှာ ဝါးဖြူနဲ့ ကြသောင်းဝါးဖြစ်ပြီး ဝါးကားတခေါက်သွားရင် ကျပ် ၄ သိန်းလောက် အမြတ်ရတယ်လို့ သိရပါတယ်။

လမ်းခရီးအခက်အခဲတွေကြောင့် ကုန်သည်ကားသမားတွေ စိုးရိမ်လို့ ကားရပ်လိုက်ပေမဲ့ ဒေသခံတွေက ကားသေးလေးတွေနဲ့ ဝါးတွေကို ကွမ်းခြံသမားတွေအတွက် လာရောက်ပို့ဆောင်ပေးတာတွေ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024