Home
အားကစား
ဂိုးသမား ဒီဂီယာကိုခေါ်ယူရန် ဘက်တစ်နှင့် ဗလင်စီယာတို့ အပြိုင် စိတ်ဝင်စား
DVB
·
September 20, 2023

လာလီဂါကလပ်တွေဖြစ်တဲ့ ရီးရဲလ်ဘက်တစ်နဲ့ ဗလင်စီယာအသင်းတို့ဟာ ဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။

စပိန်ဂိုးသမားဟာ မန်ယူအသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် ကမ်းလှမ်းမှုများစွာ ရရှိခဲ့ပေမဲ့ လက်ရှိအချိန်အထိ အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။

စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ဒီဂီယာဟာ လာလီဂါမှာ ပြန်ကစားဖို့ရှိနေပြီး ရီးရဲလ်ဘက်တစ်နဲ့ ဗလင်စီယာအသင်းတွေက ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းကြဖို့ ရှိတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်ရှိ ဒီဂီယာဟာ အက်သလက်တီကိုအသင်းကနေ ပေါ်ထွက်လာသူဖြစ်ပြီး ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ၈၄ ပွဲ ကစားပေးခဲ့သူပါ။

အဲဒီနောက် မန်ယူအသင်းနဲ့ ၁၂ နှစ်ကြာကာလအတွင်းမှာ ပွဲပေါင်း ၅၄၅ ပွဲ ကစားခဲ့တဲ့ ဝါရင့်ဂိုးသမားဖြစ်ပြီး ဘက်တစ်နဲ့ ဗလင်စီယာတို့ရဲ့ ကမ်းလှမ်းချက်တွေကို လက်ခံစဉ်းစားသွားဖို့ ရှိပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024