Home
အားကစား
စင်ကာပူ ဂရန်းပရီဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ၌ ဖာရာရီအသင်းဝင် ကားလို့စ်စိန့်ဇ် အနိုင်ရ
DVB
·
September 19, 2023

စင်ကာပူ ဂရန်းပရီ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်က ယှဉ်ပြိုင်ရာ ဖာရာရီအသင်းရဲ့ ပြိုင်ပွဲဝင် ကားလို့စ် စိန့်ဇ်က အနိုင်ရရှိသွားပါတယ်။ 

ဒါကြောင့် ဖော်မြူလာဝမ်း ပြိုင်ပွဲတခုလုံးမှာ ဦးဆောင်နေတဲ့ မက်စ်ဗာစတပ်ပန်ရဲ့ ၁၀ ပွဲဆက်တိုက် အနိုင်ရရှိမှုစံချိန် အဆုံးသတ်သွားခဲ့သလို ရက်ဘူးလ်အသင်းရဲ့ ရှုံးပွဲမရှိရာသီ အိပ်မက်ကိုလည်း ပျက်ပြယ်စေခဲ့ပါတယ်။

မက်ကလယ်ရန် အသင်းရဲ့ လန်ဒို နော်ရစ်(စ်)က ဒုတိယနေရာမှာ ကပ်လျက် ပန်းဝင်နိုင်ခဲ့ပြီး မာစီဒီးစ်အသင်းရဲ့ လူးဝစ်(စ်) ဟာမီလ်တန်ကတော့ တတိယနေရာနဲ့အတူ အဆုံးသတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလ ဘရာဇီး ဂရန်းပရီပြိုင်ပွဲ နောက်ပိုင်းမှာ ရက်ဘူးလ်အသင်းအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ဆုတံဆိပ်တွေနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

မာစီဒီးစ်အသင်းရဲ့ နောက်ထပ်ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ ဂျော့ချ် ရပ်ဆဲလ် ကတော့ တတိယနေရာမှာ ရှိနေစဉ်အတွင်း နောက်ဆုံးပတ်လမ်းရဲ့ နံရံနဲ့ တိုက်မိခဲ့ပြီး ဒီပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မတိုင်ခင်အထိ ရက်ဘူးလ်အသင်းဟာ အရင်ပြိုင်ပွဲပေါင်း ၁၅ ခု ဆက်တိုက် အနိုင်ရရှိထားပေမဲ့လည်း ဒီပြိုင်ပွဲမှာတော့ ထိပ်ဆုံး ၁၀ နေရာဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

နှစ်ထပ်ကွမ်း ကမ္ဘာ့ချန်ပီယံ ဗာစတပ်ပန်ကလည်း အဆင့် ၁၁ အဖြစ် တာထွက်ခဲ့ရာမှာ အဆင့် ၁၅ နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။

မနှစ်က စင်ကာပူမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဆာဂျီယို ပဲရက်ဇ် ကတော့ အဆင့် ၅ အဖြစ် ပန်းဝင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024