Home
သတင်းဓာတ်ပုံ
ကရင်နီစစ်ဘေးရှောင်ကလေးများအတွက် Clean Yangon အဖွဲ့က စာသင်ဆောင် ဆောက်လုပ် လှူဒါန်း (ဓာတ်ပုံ)
DVB
·
September 19, 2023

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်ကလေးငယ်တွေအတွက်   ၁၂ ဆောင်မြောက် စာသင်ကျောင်းဆောင်တခုကို  Clean Yangon အဖွဲ့က  စက်တင်ဘာလ ဒုတိယအပတ်အတွင်း ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။

ကလောကုန်းစာသင်ကျောင်းအတွက် ကျောင်းဆောင်လှူဒါန်းတာဖြစ်ပြီး ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ ကျောင်းသားအရေအတွက် ၃၀၀ ဝန်းကျင်အထိရှိကာ မူလတန်းကနေ ဆယ်တန်းအထိ ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

Clean Yangon အဖွဲ့တာဝန်ခံ ကိုဇေယျာထွန်းက “စစ်ရှောင်ကလေးတွေအတွက် မပြည့်စုံမှု ကြားကနေပဲ ပညာသင်ဖို့ အခွင့်အလမ်း ရှိစေချင်တယ်။ ပညာသင်ကြားတဲ့ အခါမှာလည်း အမိုးအကာ လုံလုံခြုံခြုံနဲ့ ပညာသင်ကြားဖို့ ဖြစ်စေချင်တယ်။ အဲ့ဒါကြောင့် စာသင်ဆောင်လေးတွေ ဆောက်လုပ်လှူဒါန်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

စာသင်ဆောင်တဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ပြီးပေမဲ့ ကျောင်းသားအရေအတွက် များတာကြောင့် စာသင်ဆောင်တွေ ထပ်လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် သင်ထောက်ကူပစ္စည်းတွေ၊ စာရေးကိရိယာတွေနဲ့ ဆရာ ဆရာမ လမ်းညွှန်စာအုပ်တွေလည်း လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

Clean Yangon အဖွဲ့က ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေးတွေမှာ ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား သွားရောက် ပါဝင်ကူညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024