ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက် ကစားသမား အန်တိုနီကို အကြမ်းဖက်မှုနဲ့ တရားစွဲခဲ့တဲ့ အမျိုးသမီး ၃ ဦးထဲက ဘရာဇီးဥပဒေကျောင်းသား ရေဆာဒီဖရိတ်တက်က အမှုကို ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ စက်တင်ဘာ ၁၈ ရက်မှာ The Telegraph သတင်းဌာနက ဖော်ပြပါတယ်။
ဘရာဇီးနိုင်ငံ ေဆာ်ပေါ်လိုမြို့မှာ ၂၀၂၂ မေက ရေဆာဒီဖရိတ်တက်က ကားပေါ်မှာ စကားများနေစဥ် အန်တိုနီက သူမကို ထိုးကြိတ်ခဲ့တာကြောင့် ဆေးရုံတက်ရောက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ေဆာ်ပေါ်လိုရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တာပါ။
ဖြစ်ပွားခဲ့တဲ့အမှုဟာ အန်တိုနီကို မန်ယူနိုက်တက်မခေါ်ယူမီ သုံးလအလိုမှာ ဖြစ်ပွားခဲ့ပေမဲ့ မန်ယူနိုက်တက်အနေနဲ့ အဲဒီ တရားစွဲဆိုခဲ့တဲ့ကိစ္စကို လုံးဝသတိမထားမိခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ဥပဒေကျောင်းသား ရေဆာဒီဖရိတ်တက်က အမှုပိတ်သိမ်းခဲ့ပေမဲ့ ရည်းစားဟောင်း ကာဗယ်လင်နဲ့ ဘဏ်လုပ်ငန်းရှင် လာနာတို့ရဲ့ တရားစွဲဆိုမှုကြောင့် အန်တိုနီအနေနဲ့ ေဆာ်ပေါ်လိုရဲတပ်ဖွဲ့နဲ့ မန်ချက်စတာရဲတပ်ဖွဲ့တို့ရဲ့ စစ်ဆေးတာကို ခံနေရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အန်တိုနီအပေါ် လစာအပြည့်ပေးထားပေမဲ့ အသင်းနဲ့ လေ့ကျင်းခန်းဆင်းခွင့်နဲ့ ပွဲကစားခွင့်တို့ကိုတော့ ပိတ်ပင်ထားပါတယ်။
Source-The Telegraph
Photo-Reuters