အုတ်ဖိုမြို့နယ်အပိုင်၊ ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်သား ၄၃ ယောက်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ အုတ်ဖို မြေအောက်ပြောက်ကျား တပ်ဖွဲ့ဆီကနေ သိရပါတယ်။
စက်တင်ဘာ ၁၆ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီစစ်ကြောင်းဟာ ကန့်နီရွာနဲ့ တာဝါတိုင်ရွာကြားက မိုင်ကွင်း ဗဟိုချက်ကို ဖြတ်သန်းနေတုန်း ပဒေသာ မိုင်း ၄ လုံးတွဲကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ထုတ်ပြန်ထားပါတယ်။
မိုင်းခွဲခံရလို့ စစ်ကောင်စီတပ်ဘက်က ၂ ယောက် လဲကျသေဆုံးတာကို မြင်တွေ့ရပြီး ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ကတော့ အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်နေတုန်း ပြည်သူ့ ကာကွယ်ရေး ရဲဘော်တွေက ထပ်မံ ပိတ်ဆို့ ပစ်ခတ်ကြပါသေးတယ်။
အဲဒီ ထိတွေ့ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က သေဆုံးသွားတဲ့ အလောင်းတွေကို တပ်ဆုတ်သွားကြတယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဆီကနေ သိရပါတယ်။