ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံမှုအပြီးမှာ မြောက်ကိုရီးယားက ရုရှားနိုင်ငံကို လက်နက်တွေ ပေးအပ်ဖို့ ဆွေးနွေးမှု အခြေအနေတွေ ဆက် တိုးတက်နေတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလေဗန်က သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားဟာ ဒီခရီးစဉ်ကို လူသိရှင်ကြားထုတ်ဖော်ဖို့နဲ့ ၁၉၄၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မယ့် အလားအလာနဲ့ ပတ်သက်ပြီး အရိပ်အမြွက်တွေကို ချန်လှပ်ထားခဲ့ပါတယ်။
ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ သဘောတရားအရ စစ်ဖြစ်နေတယ်လို့ ပြောထားတဲ့ ရုရှသမ္မတ ဗလာဒီမီယာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကို မျက်နှာချိုသွေးခြင်းအားဖြင့် အမေရိကန်နဲ့ အာရှမဟာမိတ်တွေကို ဆွပေးနိုင်လိမ့်မယ် တချိန်တည်းမှာ ယူကရိန်းစစ်ပွဲအတွက် အမြောက်တွေကို ပုံအော ပံ့ပိုးတာ သေချာမယ့် အလားအလာကို ဆုပ်ကိုင်နိုင်မယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။
အမေရိကန်ကတော့ မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူးတွေကို ကမ္ဘာ့အကြီးဆုံး သိုလှောင်ထားရှိရာ ရုရှားကို လက်နက်တွေ ပံ့ပိုးနေတယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်လို သယ်ယူပို့ဆောင်မှုတွေလုပ်ခဲ့ မလုပ်ခဲ့နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source/Photo-Reuters