Home
မြန်မာသတင်း
ရေတလျောက်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်၊ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ
DVB
·
September 15, 2023

မြန်မာ-ထိုင်းနယ်စပ်အနီးက စစ်ကောင်စီရဲ့ ရေတလျောက်တပ်စခန်းကို စက်တင်ဘာ ၁၄ ရက် မနက် ၈ နာရီလောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်(ဒူးပလာယာ) ခရိုင် မြန်မာ-ထိုင်းနယ်စပ်အနီးက ရေတလျောက်စခန်းကို KNLA တပ်ရင်း ၁၈ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာ နာရီဝက်နီးပါးအကြာမှာ တပ်စခန်းတခုလုံးကို သိမ်းပိုက်ရရှိခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၉ ဦးသေဆုံးကာ ကျန်တပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦး ကျဆုံးခဲ့ရသလို ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

KNLA တပ်မှူးတဦးက "စစ်ကောင်စီတပ်တွေ ပိုပြီးလှုပ်ရှားလာတယ်။ တပ်စခန်းမကျရေး လူနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်။ ဒါကြောင့် မြေပြင်တိုက်ပွဲတွေက နေ့တိုင်းနီးပါးရှိတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ မဖြစ်သာလို့ လုပ်နေရတဲ့ ပုံစံပဲရှိတော့တယ်။ ဒီနေ့ စခန်းသိမ်းတိုက်ပွဲက လက်တွေ့ပဲ" လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၁၂ လက်၊ RPG-7 ကျည် ၇၀ လုံး၊ 81mm ကျည် ၄၀ လုံး၊ 60 mm ကျည် ၁၁၀ လုံး၊ M-79 ကျည် ၄၀ လုံး၊ 5.56 ကျည် ၂၈၀၀ တောင့်၊ 7.62 ကျည် ၈၀၀ တောင့်၊ တိုက်မိုင်း ၂၀ လုံး၊ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး၊ ဆက်သွယ်ရေးစက်ကြီး ၁ လုံး၊ မြေပုံ ၁ ရွက်၊ လက်ပစ်ဗုံး ၂၀ လုံးနဲ့ Compass ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024