Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ဆယ်ကျော်သက် မိန်းကလေး ၁ ဦးကို အမည်မသိလူတစုက ဖမ်းဆီးခေါ်‌ဆောင်
DVB
·
September 15, 2023

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေလမ်းမကြီးပေါ်မှာ အမည်မသိလူတစုက တပ်ကုန်းစံပြရပ်ကွက်နေ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တယောက်ကို  စက်တင်ဘာ ၁၃ ရက် ည ၁၂ နာရီဝန်းကျင်လောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သူတွေဆီက ပြောပါတယ်။‌

ဒေသခံတဦးက “Unrich Bar ရှေ့မှာ သူ့ သူငယ်ချင်းကို စောင့်နေတဲ့အချိန် ယောကျ်ားလေး ၅ ယောက်က ဖမ်းခေါ်သွားတာ။ ကလေးမလေးက ငယ်သေးတယ် ၁၆ နှစ်၊ ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ သူငယ်ချင်းကို စောင့်နေတုန်း ဖမ်းခေါ်သွားခံရတာ" လို့ ပြောပါတယ်။

အဆိုပါ မိန်းကလေးငယ်ဟာ ဖမ်းဆီးခေါ်ဆောင်သွားခံရပြီးနောက် သတင်းအစအနပျောက်နေတာကြောင့် မိသားစုဝင်တွေက လိုက်စုံစမ်းရှာဖွေနေပေမဲ့ လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိသေးဘူးလို့ မိသားစုက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ ထိ‌တွေ့တိုက်ပွဲဖြစ်ပွားနေပြီး မြစ်ကြီးနားမြို့ပေါ်မှာတော့ စစ်တပ်က ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်လေ့ရှိပါတယ်။

ညဘက်ဆိုရင်လည်း ဘားဆိုင်တွေ၊ ကလပ်တွေ၊ ကေတီဗီနဲ့ အနှိပ်ခန်းတွေမှာ ခိုက်ရန်ဖြစ်ပွားတာ၊ ရိုက်နှက် ပစ်ခတ် သတ်ဖြတ်တာတွေ မကြာခဏဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024