Home
မြန်မာသတင်း
CDF-မတူပီ တပ်ရင်း ၂ နယ်မြေတွင် ချင်းအမျိုးသားတပ်မတော် တပ်ချ
DVB
·
September 10, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ CDF မတူပီ တပ်ရင်း ၂  ထိန်းချုပ်နယ်မြေမှာ ချင်းအမျိုးသားတပ်မတော် CNA/CNF က တပ်စခန်းလာချတဲ့အပေါ် မတူပီ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ဝမ်း​မြောက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

CDF မတူပီ တပ်ရင်း-၂ တည်နေရာဟာ ဟားခါး-မတူပီ လမ်းမကြီးမှာရှိပြီး စစ်ရေးအရ အရေးပါတဲ့နေရာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

CDF မတူပီ ဌာနချုပ် ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ တပ်ရင်း ၂ တည်နေရာက စစ်ရေး အချက်အချာကျတဲ့အတွက် CNF ဘက်ကို တောင်းဆိုခဲ့ကြတာပေါ့။ သူတို့ကလည်းလက်ခံပြီး တပ်စခန်းချပေးခဲ့တာပါ။ နောက်ပိုင်း စစ်ရေး၊ နယ်မြေ တိုးတက်ရေးတွေ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ရေးအရ အရေးပါတဲ့ အဲဒီနေရာမှာ တပ်ချပေးဖို့ ချင်းအမျိုးသားတပ်မတော် CNA/CNF ဆီကို CDF မတူပီ တပ်ရင်း-၂၊ Global Cingthiang CDF Committee နဲ့ Cingthiang  ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တို့က တောင်းခံခဲ့ကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024