Home
မြန်မာသတင်း
စစ်ကောင်စီ တပ်ကြပ် ၂ ဦး CDF မတူပီထံ လက်နက်များနှင့် အလင်းဝင်
DVB
·
September 10, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ် အခြေစိုက် Chinland Defense Force - Matupi Battalion - 2 ဆီကို စစ်ကောင်စီတပ်က တပ်ကြပ် ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ တပ်ဖွဲ့က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

တပ်ကြပ်ကြီး ထွန်းဇော် (ကိုယ်ပိုင်အမှတ် - တ/၁၂၃၃၂၃) နဲ့ ဒုတပ်ကြပ် ဝေလွင် (ကိုယ်ပိုင်အမှတ် - တ/၃၇၃၉၈၅) တို့ဟာ MA1 ၁ လက်၊ MA3 ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဘောက် ၈ ခုနဲ့ ကျည်ဆံအတောင့် ၅၃၀ တို့နဲ့ အတူ အလင်းဝင်လာခဲ့ကြတာပါ။

CDF Matupi Battalion - 2 ရဲ့ တာဝန်ခံတယောက်က  "သြဂုတ် ၂၈ ရက်နေ့က အလင်းဝင်လာတာပါဗျ။ ကျနော်တို့ CDF - Matupi ရဲ့ ချမှတ်ထားတဲ့  မူအရ သေနတ် တလက်ကို သိန်း ၆၀ ပေးတယ်ခင်ဗျ။ ၂ လက်စာ သိန်း ၁၂၀ ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။ သူတို့က လက်ရှိတော့ ကျနော်တို့ဆီမှာပဲ ဘေးကင်းလုံခြုံစွာရှိနေပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ ပြည်သူ့ဘက်ကို ကူးပြောင်းလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်သား စုစုပေါင်း ၁၄,၀၀၀ ကျော် ရှိပြီး ဒု ဗိုလ်မှူးကြီး အဆင့် အရာရှိကြီးတွေအပါအဝင် အရာရှိ၊ အကြပ်စစ်သည်အများအပြားပါဝင်ပါတယ်။

အဲဒီထဲက ၄၀၀ ကျော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တွေအဖြစ် ခံယူပြီး စစ်ရုံးချုပ်နဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ စစ်ကြောင်းတွေမှာ တာဝန် ထမ်းဆောင် နေကြပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024