နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရအပြီးမှာ ကွင်းလယ်ဒိုင်ကို ဆဲဆိုခဲ့မှုအတွက် လီဗာပူး နောက်ခံလူ ဗန်ဒိုက်ကို ထပ်တိုးပွဲပယ်နဲ့ ဒဏ်ကြေးချမှတ်ခဲ့ပါတယ်။
ဗန်ဒိုက်ဟာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို တားဆီးခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ ရတာပါ။
အဲဒီနောက် ကွင်းလယ်ဒိုင်လူကြီး ဂျွန်ဘရွက်ခ်ကို ဆဲဆိုခဲ့တာကြောင့် နောက်ထပ် တပွဲ ပွဲပယ်ခံခဲ့ရသလို ပေါင်တစ်သိန်းလည်း ဒဏ်ရိုက်ခံခဲ့ရတာပါ။
ဗန်ဒိုက်ဟာ အက်စတန်ဗီလာနဲ့ ပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့သလို ဝုဗ်အသင်းနဲ့ပွဲစဉ် ၅ မှာလည်း ထပ်မံ လွဲချော်တော့မှာဖြစ်ပါတယ်။
ဗန်ဒိုက်အနေနဲ့ မသင့်တော်တဲ့ အပြုအမူ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ကြောင်း အင်္ဂလန်အက်ဖ်အေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo-Reuters