Home
အားကစား
လိုင်ယွန်အသင်းနည်းပြအဖြစ် ကမ်လှမ်းချက်ကို ချဲလ်ဆီးနည်းပြဟောင်း ပေါ်တာ လက်မခံ
DVB
·
September 8, 2023

ဘရိုက်တန်နဲ့ ချဲလ်ဆီးအသင်းနည်းပြဟောင်းဂရေဟမ်ပေါ်တာဟာ ပြင်သစ်ကလပ် လိုင်ယွန် အသင်းရဲ့ ကမ်းလှမ်းချက်ရရှိခဲ့ပေမဲ့ လက်မခံဘဲ ပယ်ချသွားခဲ့ပါတယ်။

အင်္ဂလန်လူမျိုးနည်းပြပေါ်တာဟာ အခုနှစ် ဧပြီလအတွင်းက ချဲလ်ဆီးအသင်းကနေ ထုတ်ပယ်ခံခဲ့ရသူပါ။

အသင်းလက်မဲ့ဖြစ်နေချိန်မှာ လိုင်ယွန်အသင်းဥက္ကဋ္ဌ ဂျွန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ နည်းပြချုပ်ရာထူး ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာပါ။

ပေါ်တာအနေနဲ့ လက်ရှိအချိန်မှာ မှန်ကန်တဲ့ပြောင်းရွှေ့မှုမဟုတ်ဘူးလို့ ယူဆနေပြီး သင့်တော်မှန်ကန်တဲ့အသင်းရှိလာမှ လက်ခံစဉ်းစားဖို့ရှိပါတယ်။

လိုင်ယွန်အသင်းဟာ ပြင်သစ်လိဂ် ၄ ပွဲကစားပြီးချိန်မှာ နိုင်ပွဲပျောက်ဆုံးနေကာ လက်ရှိနည်းပြ လောရင့်ဘလန့်ဟာ ရာထူးကနေ ထုတ်ပယ်ခံသွားရဖို့ နီးစပ်နေတာဖြစ်ပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024