ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် မိုးသည်းကြီး မည်းကြီး ရွာအပြီး ရေကြီးနေတာကြောင့် လူ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ရီယိုဂရန်ဒီဒယ်ဆူးလ်ပြည်နယ်မှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြူကမ်မြို့က အပျက်အစီးတွေကြားမှာ ရုပ်အလောင်းတွေကို ထပ်ရှာတွေ့ခဲ့ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ရေကြီးရေလျှံမှုတွေ ပိုများလာနိုင်တယ်လို့ ပြည်နယ်အစိုးရက သတိပေးထားပါတယ်။
ရီယိုဂရန်ဒီဒယ်ဆူးလ်ပြည်နယ်က ရေကြီးမှုဟာ ဘရာဇီးမှာ မကြာသေးမီက နောက်ဆုံး ဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေပါ။
အခုနှစ်အတွင်း ဆောင်ပါလိုပြည်နယ်မှာ မိုးသည်းပြီး ရေကြီး မြေပြိုတာတွေကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။
Source/Photo-Reuters