Home
မြန်မာသတင်း
၈ လကျော်အတွင်း အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း ပြည်သူ ၁၁၀၀ ကျော်ကို သတ်ဖြတ်
DVB
·
September 4, 2023

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၃၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၆၇၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၈၈၇ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၂၉၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၇၈၇ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှတ်တမ်းနှင့် သုတေသနဌာန ရဲ့ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ၁,၁၁၁ ယောက် သေဆုံးခဲ့ရပြီး အဲဒီထဲမှာ ထိန်းသိမ်းခံရပြီး နောက် သတ်ဖြတ်ခံရသူ အရေအတွက် ၃၉၈ ယောက် ပါဝင်ကာ သေဆုံးမှုတွေထဲ စစ်ကိုင်း တိုင်းမှာ အယောက် ၆၂၀ နဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေနေထိုင်ရာ အရပ်ဒေသတွေကို စစ်ကြောင်းထိုးတာ ကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်ဒေသတွေကို စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေရ တယ်လို့ ဆိုပါတယ်။ 

ဩဂုတ် ၃၀ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာ တွေကို အင်အား ၁၅၀ ကျော် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စု ခမရ-၃၆၁ က စစ်ကြောင်း ထိုးတာကြောင့် တောင့်တဲကုန်းကျေးရွာ၊ ကိုးမြို့ကျေးရွာ၊ ညောင်ဇင်ကြီးကျေးရွာ၊ ဖလုံ ချိုင်ကျေးရွာ၊ သရက်ခေါင်းကျေးရွာ၊ သိုးဘိုးကျေးရွာ၊ ငါးရာနဲကျေးရွာ၊ မင်းဘာကျေးရွာနဲ့ လက်ခုပ်ကုန်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၄ ရွာက အရပ်သား ၈,၀၀၀ နီးပါး အိုး အိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်ရာ ဒေ သတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ် လာတာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၁ ရက်ကတော့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု ပလမြို့ရဲစခန်းက ပစ်ခတ်ခဲ့တဲ့ လက် နက်ကြီးကျည်ဟာ ပလမြို့၊ အမှတ် ၃ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အ သက် ၁၄ နှစ်အရွယ် ကျောင်းသားတယောက် အပါအဝင် ဒေသခံ ၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေ ကျည်ထိမှန်ပျက်စီးခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေ ပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေ ဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024