Home
အားကစား
အာရှယူ-၂၃ ခြေစစ်ပွဲယှဥ်ပြိုင်မည့် မြန်မာယူ-၂၃ အသင်း တောင်ကိုရီးယား ရောက်ရှိ
DVB
·
September 4, 2023

၂၀၂၄ ယူ-၂၃ အာရှဖလားခြေစစ်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာယူ-၂၃ ဘောလုံးအသင်းဟာ တောင်ကိုရီးယားနိုင်ငံ ချန်ဝွန်မ်မြို့ကို စက်တင်ဘာ ၄ ရက် ဒီနေ့မနက် အစောပိုင်း ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်ပါတယ်။

မြန်မာအသင်းဟာ ၂၀၂၄ ယူ-၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စု ခ မှာ အိမ်ရှင် တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ ကာတာအသင်းတွေနဲ့ အတူကျရောက်နေတာပါ။

မြန်မာယူ-၂၃ အသင်းဟာ စက်တင်ဘာ ၆ ရက်မှာ ကာဂျစ္စတန်အသင်း၊ စက်တင်ဘာ ၉ ရက်မှာ ကာတာအသင်းနဲ့ စက်တင်ဘာ ၁၂ ရက်မှာ တောင်ကိုရီးယား အသင်းတို့နဲ့ ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ကာတာယူ-၂၃ အသင်းဟာ ၂၀၂၄ ခုနှစ်မှာ ယှဥ်ပြိုင်မယ့် အာရှဖလား အိမ်ရှင်ဖြစ်တာကြောင့် မြန်မာ၊ တောင်ကိုရီးယား၊ ကာဂျစ္စတန်တို့နဲ့ပွဲတွေမှာ ​ခြေစမ်းသဘောမျိုးသာ ဝင်ရောက်ကစားမှာဖြစ်ပြီး ရလဒ်တွေကိုလည်း ထည့်သွင်းတွက်ချက်မှာ မဟုတ်ပါဘူး။

ယူ-၂၃ အာရှဖလားခြေစစ်ပွဲကစားမယ့် အုပ်စု ၁၁ ခုက အုပ်စုပထမ ၁၁ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယ ၄ သင်းတို့ဟာ ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၄ ယူ-၂၃ အာရှဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ ယူ-၂၃ အာရှဖလားခြေစစ်ပွဲအဆင့်ကို ၂၀၁၃ ခုနှစ်က တကြိမ်သာ ဝင်ယောက်ယှဥ်ပြိုင်ဖူးပြီး ၃ ပွဲကစား ၃ပွဲရှုံးနဲ့ အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခဲ့ရပါတယ်။

Photo-MFF

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024