Home
မြန်မာသတင်း
ကြက်သွန်ဖြူ ဈေးနှုန်းမြင့်တက်
DVB
·
September 4, 2023

မြန်မာပြည်တွင်းဈေးကွက်မှာ၊ ကြက်သွန်ဖြူ တစ်ပိဿာကို ကျပ် ၁၀,၀၀၀ ကျော် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင် တစ်ပိဿာကို ဈေးထက်ဝက်ကျော်ဈေးမြင့်တက်လာတယ်လို့ ကြက်သွန်ဖြူရောင်း ဝယ်လုပ်ကိုင်သူတွေထံက နေသိရပါတယ်။ 

ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူတွေသာမက တရုတ်ဘက်ကနေ တင်သွင်းလာတဲ့ ကြူကုတ်ကြက်သွန်တွေလည်း တရုတ်ငွေနဲ့ ဝယ်ယူရောင်းချရတာဖြစ်တဲ့အတွက် ဈေးကွက်အတွင်း ဈေးနှုန်းတွေမြင့်နေတာလို့ ဆိုပါတယ်။ 

အရောင်းအဝယ်လုပ်ကိုင်သူတဦးက “ကြက်သွန်ဖြူ(ရှမ်း)တွေက ပြည်တွင်းမှာလည်း ထွက်သင့်သလောက်ထွက်တယ်။ တရုတ်ဘက်ကနေလည်း ကြူကုတ်က ကြက်သွန်တွေ သွင်းတယ်။ တရုတ်ကြက်သွန်တွေက ဈေးမြင့်တော့ အဲ့ဒီဈေးကို မှီးပြီး ဒီက ရှမ်းကြက်သွန်တွေကလည်း ဈေးမြင့်တက်လာတာပါ။ လက်ရှိမှာတော့ ပြည်တွင်းမှာပဲ အရောင်းအဝယ်ရှိနေပြီး တခြားကို တင်ပို့တာမျိုးတော့ မရှိဘူး” ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာကို  ကျပ် ၂၅၀၀ မှ ၄၀၀၀ သာရှိခဲ့ပြီး အခုနှစ်မှာတော့ တစ်ပိဿာကို ဘုရင့်နောင်ပွဲရုံပေါက်ဈေး ကျပ် ၇၈၀၀ မှ ၉၅၀၀ ရှိကာ ပြင်ပလက်လီဈေးကွက်မှာတော့ တစ်ပိဿာကို ကျပ်  ၁၂၀၀၀ နီးပါးအထိ အရောင်းအဝယ်ရှိနေကြောင်း လက်လီရောင်းချသူတွေထံကနေ သိရပါတယ်။ 

အောင်ပန်းဒေသအတွင်းမှ ကုန်စိမ်းသီးနှံရောင်းချသူ တစ်ဦးက “ဒီကာလက ဈေးတွေ တအားမြင့်တယ်။ ဈေးကွက်ထဲ အဝင်နည်းတာလည်းပါတယ်။ထိုင်းဘက်နေလည်း အဝယ်ရှိတယ်။ ပြည်တွင်းစားသုံးမှုလည်းများတယ်။ အခုကတော့ လက်ကျန်တွေလည်း နည်းတော့ ဈေးက ကျဆင်းနိုင်ခြေကို မရှိဘူး”လို့ ပြောပါတယ်။ 

ကြက်သွန်ဖြူကို နှစ်စဉ် တာချီလိတ်ကုန်သွယ်ရေးစခန်းကနေတဆင့် တန်ချိန် ၃၀၀၀၀ လောက်  တင်ပို့ရောင်းချ မှုတွေရှိနေပါတယ်။

နေ့စဉ် ဘုရင့်နောင်ဈေးကွက်ကိုတော့ ကြက်သွန်ဖြူ ပိဿာချိန် ၂၀၀၀၀ လောက် နေ့စဉ် အဝင်ရှိနေပါတယ်။

ကြက်သွန်ဖြူကို အောက်တိုဘာ နိုဝင်ဘာတွေ စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီ မတ်လ တို့မှာ ထွက်ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024