တနင်္ဿာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကျောက်ကညာရွာ အုပ်ချုပ်ရေးမှူးလင်မယားဟာ သြဂုတ် ၃၁ ရက် မွန်းလွဲ ၂ နာရီက ပစ်ခတ်ခံရပြီး စစ်ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ လပြည့်နေ့က ကျောက်ကညာရွာဘုန်းကြီးကျောင်းမှ ဥပုသ်သီလယူပြီး အိမ်အပြန် ကျောက်ကညာ ရွာတံတားအနီးမှာ အုပ်ချုပ်ရေးမှူး ဦးစိန်အောင်နဲ့ ဇနီးဒေါ်မိစန်းအေးတို့ကို သေနတ်သမားတွေက ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်ခဲ့တာလို့ဒေသခံက ပြောပါတယ်။
ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးနဲ့ သူ့ဇနီးတို့ သေနတ်ဒဏ်ရာရရရှိခဲ့ပြီး ထားဝယ်မြို့ရှိ အမှတ်(၁၂) တပ်မတော်ခုတင် ၁၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေကြရပါတယ်။
အုပ်ချုပ်ရေးမှူးလင်မယားကို ဘယ်အဖွဲ့က ဘာကြောင့် အခုလို ပစ်ခတ်ခံရတာလည်းဆိုတာကိုတော့ မသိရသေးသလို ဘယ်အဖွဲ့ကမှလည်း သူတို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။