မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က အနိုင်ဂိုး ၁ ဂိုးဟာ လူကျွံဘောဖြစ်တယ်လို့ ဖူဟမ်နည်းပြ မာကိုဆေးလ်ဗားက ပြောပါတယ်။
အဲဒီပွဲစဉ်မှာ စီးတီးနောက်ခံလူ အကီသွင်းယူခဲ့တဲ့ ဒုတိယမြောက်ဂိုးဟာ လူကျွံနေတဲ့ အသင်းဖော် အကန်ဂျီရဲ့ခြေထောက်အောင်ကနေ ဂိုးဝင်သွားခဲ့တာပါ။
၁ ဂိုးစီ သရေကျနေတဲ့အချိန်မှာ အဲဒီဂိုးကို ခွင့်ပြုလိုက်တာဟာ မျှတမှု မရှိကြောင်းနဲ့ ဘောလုံးကန်တတ်ပြီး ဘောလုံးအကြောင်းသိသူတိုင်းက လူကျွံဘောဆိုတာ သိကြကြောင်း မာကိုဆေးလ်ဗားက ဝေဖန်ပါတယ်။
ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာဟာ VARနဲ့ ပြန်လည်စစ်ဆေးခဲ့ပေမဲ့ အကီရဲ့ခေါင်း တိုက်သွင်းဂိုးမှာ လူကျွံနေတဲ့ အကန်ဂျီအနေနဲ့ ဝင်ရောက်နှောက်ယှက်ခြင်း မရှိဘူးလို့ ယူဆပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာပါ။
မန်စီးတီးဟာ အဲဒီသွင်းဂိုးကြောင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ဟာလန်းက နောက်ထပ် သွင်းဂိုး ၃ ဂိုး ထပ်သွင်းခဲ့တာကြောင့် ပွဲအပြီးမှာ ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
Photo-Reuters