စပိန်လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ ပေါ်တူဂီလက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ အက်သလက်တီကို တိုက်စစ်မှုး ဂျာအိုဖီးလစ်နဲ့ မန်ချက်စတာစီးတီးနောက်ခံ ကစားသမား ကန်ဆယ်လိုတို့ကို စက်တင်ဘာ ၁ ရက် အပြောင်းအရွေ့နောက်ဆုံးအချိန် မတိုင်မီ ခေါ်ယူနိုင်ခဲ့ တယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဖီးလစ်နဲ့ ကန်ဆယ်လို နှစ်ယောက်လုံးကို အပြီးသတ်စာချုပ် မပါဝင်တဲ့ တနှစ်အငှားစာချုပ်နဲ့သာခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဘဏ္ဍာရေးပြဿာနာတွေကြောင့် ဖီးလစ်နဲ့ကန်ဆယ်လိုကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းဟာ အခက်အခဲများစွာ ရှိနေပေမဲ့ အန်ဆုဖာတီ ဘရိုက်တန်အသင်းကို ပြောင်းရွေ့ခဲ့တာကြောင့် ခေါ်ယူဖို့ အဆင်ပြေခဲ့တာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ကန်ဆယ်လိုဟာ ၂၀၁၉ ခုနှစ်က ဂျူဗင်တပ်မှ မန်စီးတီးသို့ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဒ်ဖလား ၂ ကြိမ်ရရှိခဲ့သလို PFA တနှစ်တာ အကောင်းဆုံး အသုံးမှာ ၂ ကြိမ်ပါဝင်ခဲ့ပေမဲ့ မန်စီးတီးနည်းပြဂွာဒီယိုလာနဲ့ အဆင်မပြေတာကြောင့် ယမန်နှစ်က ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားသွားရောက် ကစားခဲ့ရပါသေးတယ်။
အသက် ၂၃ နှစ်အရွယ် ဂျာအိုဖီးလစ်ဟာ ၂၀၁၉ ခုနှစ်က ဘင်ဖီကာအသင်းမှ အက်သလက် အသင်း ကို ပေါင် ၁၁၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမဲ့ ခြေစွမ်းထင်သလောက် မပြနိုင်ခဲ့တာကြောင့် ယမန်နှစ်က ချဲလ်ဆီးအသင်းသို့ ၆ လအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပေမဲ့ အဆင်ပြေခဲ့ခြင်း မရှိပါဘူး။
Photo.Barcelona Fc