စပိန်လူငယ်ကြယ်ပွင့်တိုက်စစ်မှူး အန်ဆုဖာတီဟာ အသင်းရဲ့ရည်မှန်းချက်သစ်တွေ အောင်မြင်ဖို့ ကူညီပေးမှာဖြစ်ကြောင်း ဘရိုက်တန်နည်းပြ ဒီဇာဘီက ပြောပါတယ်။
အသက် ၂၀ အရွယ်နှစ်ရှိ အန်ဆုဖာတီဟာ မက်ဆီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံခွင့်ရခဲ့ပေမဲ့ မနှစ်က တစ်ရာသီလုံးမှာ ပွဲထွက်ခွင့် နည်းပါးခဲ့သူပါ။
အခုနှစ်ရာသီမှာတော့ ပုံမှန်ပွဲထွက်ခွင့်အတွက် ဘရိုက်တန်အသင်းဆီ အံ့အားသင့် ဖွယ်ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းနည်းစနစ်ဒရိုက်တာ ဒေးဗစ်ဝီယာကတော့ အန်ဆုဖာတီဟာ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတွေထဲတစ်ဦးဖြစ်ကြောင်းနဲ့ သူ့ကို ခေါ်ယူနိုင်ခဲ့လို့ ကျေနပ်မိကြောင်း ပြောပါတယ်။
ဘယ်တောင်ပံနဲ့ တိုက်စစ်မှူးနေရာတွေမှာကစားနိုင်တဲ့ အန်ဆုဖာတီဟာ ၂၀၁၉ ခုနှစ်က စတင်ကာ အသင်းကြီးနဲ့ ပွဲထွက်ခွင့်ရခဲ့ပြီး စုစုပေါင်း ၁၁၂ ပွဲမှာ ၂၉ ဂိုးသွင်း ယူခဲ့ပါတယ်။
Photo-Reuters