Home
နိုင်ငံတကာ
ဘရာဇီးသမ္မတက ဆာလောင်မှု ကင်းမဲ့ရေး အစီအစဉ် မိတ်ဆက်
DVB
·
September 1, 2023

ဘရာဇီးနိုင်ငံသမ္မတ လူးဝစ်အင်နာစီရို လူလာဒါဆေးလ်ဗာက “ဆာလောင်မှု ကင်းမဲ့ရေး” လို့ အဓိပ္ပာယ်ရတဲ့ အစီအစဉ်တရပ်ကို သြဂုတ် ၃၁ ရက်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

ဒါဟာ ဒီ တောင်အမေရိကနိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ စားနပ်ရိက္ခာ မလုံလောက်မှု နှုန်းထားတွေကို လျှော့ချနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဘရာဇီးမြောက်ပိုင်း တေရီဆီနာမြို့မှာ လူလာ ကိုယ်တိုင် ဒီပရောဂျက်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ အစားအသောက် ပရိုဂရမ်တခုတင် မဟုတ်ဘဲ ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ရေးအတွက်ပါ ဖြစ်တယ်လို့ ဘရာဇီးသမ္မတက မှတ်ချက်ပေးပါတယ်။

ကုလသမဂ္ဂရဲ့  အာဟာရချို့တဲ့မှု ပပျောက်ရေး သတ်မှတ်ချက်ကို ဘရာဇီးနိုင်ငံမှာ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ပြည့်မီခဲ့တာပါ။ ဒါပေမဲ့လည်း အဲ့ဒီအချိန်ကစလို့ ဘရာဇီးနိုင်ငံမှာ မိသားစုအပေါ် ကျွေးမွေးဖို့ မတတ်နိုင်တော့ဘူးလို့ ပြောဆိုလာတဲ့ ပြည်သူအရေအတွက်ဟာ ၃၆ ရာခိုင်နှုန်းအထိ နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း ဂျက်တူလီယို ဗားဂတ်စ် ဖောင်ဒေးရှင်း (FGV) ရဲ့ စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။

များပြားလှတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ကိုဗစ်ကပ်ရောဂါရဲ့ ဆိုးကျိုးတွေက စားနပ်ရိက္ခာ မလုံလောက်မှုကို မမှတ်မိနိုင်လောက်တဲ့ အတိုင်းအတာအထိ တွန်းပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘရာဇီးနိုင်ငံမှာ သိသာထင်ရှားတဲ့ လူမှုအဆင့်အတန်း မညီမျှမှုကလည်း ပိုပြီး ကျယ်ပြန့်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024