အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်း အီဒါလီယာ ချဉ်းကပ်လာနေလို့ တေလာမြို့နယ်အတွင်းရှိ အကျဉ်းထောင်က အကျဉ်းသားတွေဟာ သြဂုတ် ၂၉ ရက်က သဲအိတ်တွေကိုဖြည့်ပြီး ဒေသခံတွေကို ဝေပေးခဲ့ကြပါတယ်။
အဖြူအမည်းအစင်းတွေပါတဲ့ ဝတ်စုံတွေကို ၀တ်ဆင်ထားတဲ့ အကျဉ်းသားတွေဟာ ဖလော်ရီဒါပြည်နယ်တဝန်း သဲအိတ်တွေ ဖြန့်ဖြူးတဲ့ နေရာတွေထဲက ဘုံနေရာတစ်ခုဖြစ်လာ ပါတယ်။
ခရိုင်အကြံပေးရုံးဝန်ထမ်းတွေရဲ့ တိုက်ရိုက်ကြီးကြပ်မှုအောက်မှာ ရဲအရာရှိတွေရဲ့ ရုံးတွေထဲမှာ သဲအိတ်ထုပ်ပိုး ဖြန့်ဖြူးရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖို့ ဒေသခံအကျဉ်းသား အလုပ်အမှုထမ်းတွေကို မကြာခဏ တာဝန်ချထားလေ့ရှိပါတယ်။
တချိန်တည်းမှာပဲ ဒေသတဝန်း နေထိုင်သူတွေဟာ အီဒါလီယာ ဟာရီကိန်းရဲ့ အန္တရာယ်ကို အလေးအနက်ထားကြပါတယ်။
ဒေသခံတွေက လုပ်ငန်းတွေနဲ့ နေအိမ်တွေရှေ့မှာ သဲအိတ်တွေ စုပုံရင်းပြတင်းပေါက်တွေကို ဖုံးအုပ်ထားပြီး အလုပ်စောစောပိတ်ဖို့အကြံပေးတဲ့ ဆိုင်းဘုတ်တွေကို တင်ထားကြပါတယ်။
အီဒါလီယာ ဟာရီကိန်းမုန်တိုင်းဟာ အပူပိုင်းမုန်တိုင်းအဆင့်ကနေ အင်္ဂါနေ့အစောပိုင်းမှာတော့ ဟာရီကိန်း မုန်တိုင်းအဖြစ် အဆင့်တိုးလာပြီး ကျူးဘားနိုင်ငံအနောက်ပိုင်းမှာ ရေလွှမ်းမိုးခဲ့ပါတယ်။
မက္ကဆီကိုပင်လယ်ကွေ့ထဲမှာ မြောက်ဘက်ဆီ ရွေ့လျားလာပြီး ကမ်းရိုးတန်းမြို့တွေက ဒေသခံတွေကို ပိုမြင့်တဲ့နေရာရှာဖို့ တွန်းအားပေးပါတယ်။
မုန်တိုင်းဟာ အဆင့် ၃ ဟာရီကိန်း အမျိုးအစား အဆင့်ကို ရောက်လာမယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း အမျိုးသားဟာရီကိန်းစင်တာ (NHC) က ပြောထားပါတယ်။
Source/Photo - Reuters