Home
နိုင်ငံတကာ
ယီမင်နိုင်ငံတောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး လူ ၂၀ ကျော်သေဆုံး
DVB
·
August 29, 2023

ယီမင်နိုင်ငံရဲ့ တောင်ပိုင်းပြည်နယ် လာ့ချ်မှာ  သြဂုတ် ၂၇ ရက်၊ တနင်္ဂနွေနေ့က အစိုးရတပ်ဖွဲ့တွေနဲ့ ဟူသီသူပုန်တွေကြား လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးလူ ၂၃ ဦးအထိ သေဆုံးခဲ့ရတယ်လို့ စစ်ဘက်တာ၀န်ရှိသူတစ်ဦးက အတည်ပြုပါတယ်။

အခင်းဖြစ်ပွားရာ လာ့ချ်ပြည်နယ်ရဲ့  ယာဖာဒေသမှာ ဟူသီတိုက်ခိုက်ရေးသမား အများအပြားက အစိုးရတပ်တွေကို အလစ်ငိုက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ဟူသီသူပုန် ၁၅ ဦးနဲ့ အစိုးရထောက်ခံတဲ့ စစ်သား ၈ ဦးအထိ သေဆုံးခဲ့ရပြီး နောက်ထပ် ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်အရာရှိက ပြောကြားပါတယ်။

လက်ရှိအချိန်အထိ ဒီတိုက်ခိုက်မှုအပေါ် ဟူသီအုပ်စုဘက်က တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ယီမင်နိုင်ငံမှာ နိုင်ငံတကာအသိအမှတ်ပြုအစိုးရနဲ့ ဟူသီအဖွဲ့အကြား တင်းမာမှုလျှော့ချရေးနဲ့ ပက်သက်ပြီး ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို ဒီနောက်ဆုံးတိုက်ပွဲက စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ယီမင်နိုင်ငံမှာ ရှုပ်ထွေးနေဆဲပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ကမကထပြုလုပ်ခဲ့တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ယီမင်အစိုးရနဲ့ ဟူသီစစ်သွေးကြွအဖွဲ့က အကြိမ်ပေါင်းများစွာ ပါဝင်ထိတွေ့ခဲ့ဖူးပါတယ်။

ဒါပေမဲ့ နှစ်နဲ့ချီအောင် ကြာမြင့်နေပြီဖြစ်တဲ့ ဒီပဋိပက္ခအတွက် အလုံးစုံဖြေရှင်းနိုင်ဖို့က ခက်ခဲနေဆဲပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024