အာဆင်နယ်နည်းပြအာတီတာအနေနဲ့ မန်ယူနိုက်တက်အသင်းနဲ့ကစားမယ့် ပွဲစဉ်မှာ ကစားကွက်စမ်းသပ်တာတွေ ရပ်တန့်ဖို့လိုအပ်လိမ့်မယ်လို့ ဂယ်ရီနဗီးလ်က ပြောပါတယ်။
နည်းပြအာတီတာဟာ ကစားသမားသစ် ဟာဗက်ဇ်ကို နေရာပေးပြီးနောက် ကွင်းလယ်လူ သောမက်စ်ပါတေးကို ညာနောက်ခံလူ နေရာမှာ တာဝန်ချထားကာ ကစားကွက်တည်ဆောက်နေတာပါ။
အဲဒီလိုကစားကွက်စမ်းသပ်မှုကြောင့် အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲစလုံးမှာ အကြိတ်အနယ်ကစားခဲ့ရပြီး ဖူဟမ်နဲ့ပွဲမှာဆိုရင် တစ်ယောက်အသာ၊ တစ်ဂိုးအသာအခြေအနေမှာ ချေပဂိုးပေးရပြီးနောက် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။
အင်္ဂလန်နဲ့ မန်ယူနောက်ခံလူဟောင်း နဗီးလ်ကတော့ ဘောလုံးမှာ ဆန်းသစ်တီထွင်မှုတွေ လိုအပ်တာမှန်ပေမဲ့ အသင်းရဲ့ဟန်ချက်ညီဖို့က အရေးကြီးကြောင်း၊ အာတေတာအနေနဲ့ မန်ယူအသင်းနဲ့ပွဲမှာတော့ ကစားကွက်စမ်းသပ်မှုတွေရပ်တန့်ပြီး ခံစစ်လေးယောက်တန်း အခြေခံတဲ့ပုံမှန်ကစားကွက်ကို အသုံးပြုဖို့လိုကြောင်း တိုက်တွန်းခဲ့တာပါ။
အာဆင်နယ်အသင်းဟာ လာမဲ့ တနင်္ဂနွေနေ့မှာ မန်ယူအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo-Reuters