အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ အနောက်ဘန်ဂေါပြည်နယ်၊ ပါဂါနာခရိုင်မှာ ဩဂုတ် ၂၇ ရက်က တရားမဝင် မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲခဲ့တာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြပါတယ်။
မီးရှူးမီးပန်းစက်ရုံ ပြိုကျခဲ့ပြီး မီးလောင်ခံရသူတွေကို အနီးနားက ဆေးရုံဆီ ပို့ဆောင်ကုသခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ရဲတပ်ဖွဲ့က မသိရသေးပါဘူး။ နောက်ထပ် ထိခိုက်သေဆုံးသူတွေကို ရှာဖို့ ရှာဖွေရေး လုပ်ငန်းတွေ လုပ်နေပါတယ်။
အိန္ဒိယနိုင်ငံထဲ စက်မှုလုပ်ငန်းနယ်ပယ်မှာ မတော်တဆမှုတွေ အဖြစ်များပါတယ်။ လုံခြုံရေး စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်တာနဲ့ အစိုးရအရာရှိတွေ စစ်ဆေးကြပ်မတ်မှု ပေါ့လျော့တာတွေကြောင့် ခုလိုဖြစ်ရတာလို့ မကြာခဏ အပြစ်တင်လေ့ရှိပါတယ်။
Source/Photo-Reuters