မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲစဉ်မှာ နောက်ခံလူ ဗန်ဒိုက်ရဲ့အနီကတ် ပြစ်ဒဏ်ကိ အယူခံတင်သွင်းသွားဖို့ရှိကြောင်း လီဗာပူးနည်းပြကလော့ပ်က ပြောသွားပါတယ်။
ဗန်ဒိုက်ဟာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ဆီကဘောလုံးကို လိုက်လံဖျက်ထုတ်ခဲ့ရာမှာ တိုက်ရိုက်အနီကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။
လီဗာပူးနည်းပြ ကလော့ပ်ကတော့ ဗန်ဒိုက်အနေနဲ့ ဘောလုံးကို ဦးစွာထိတာဖြစ်တာကြောင့် အနီကတ်နဲ့ ထိုက်တန်မှုမရှိကြောင်းနဲ့ သုံးပွဲပယ်ပြစ်ဒဏ်အတွက် အယူခံတင်သွင်းသွားဖို့ရှိကြောင်း ပြောခဲ့တာပါ
နည်းပြကလော့ပ်က“ထရန့်ရဲ့အဝါကတ်ကတော့ ရှင်းလင်းပါတယ်။ အဲဒါက ပြစ်ဒဏ်ကျူးလွန်မူ မှန်ပါတယ်။ ဒါပေမဲ့ ဗာဂျယ်ဗန်ဒိုက်ရဲ့ ဖျက်ထုတ်မှုမှာတော့ပြိုင်ဘက်ကစားသမားကို သိသိသာသာထိတွေ့မှုရှိခဲ့ တာမဟုတ်ပါဘူး။ဘောလုံးကိုအရင်ထိတွေ့ပြီးမှ ပြိုင်ဘက်ကို ထိမိသွားတာဖြစ်တယ်။ အဲဒီထိတွေ့ မှုလေးက သုံးပွဲပယ်ဆိုတော့ အံ့အားသင့်စရာပါ။ မယုံကြည်နိုင်စရာလည်းဖြစ်တယ်။ ကျနော်တို့ အယူခံတင်သွင်းမလားဆိုတာ ဆုံးဖြတ်ချက်လုပ်ဆောင်သွားပါမယ်” လို့ ပြောပါတယ်။
လီဗာပူးဟာ ပြီးခဲ့တဲ့အပတ်ကလည်း ကွင်းလယ်လူ မက်အလစ္စတာအနီကတ်ထိခဲ့ပေမဲ့ အယူခံတင်သွင်းခဲ့ပြီးနောက် အက်ဖ်အေက ပြန်လည်ပယ်ဖျက်ပေးခဲ့ပါတယ်။
photo-Reuters