အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်မှာ ဘုရားဖူးတွေကို တင်ဆောင်လာတဲ့ ရထားတစီး ဩဂုတ် ၂၆ ရက်က ပေါက်ကွဲမှုအပြီး မီးလောင်ခဲ့လို့ လူ ၉ ဦးသေဆုံးပြီး လူ ၅၅ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။
ခရီးသည်တွေက ရထားပေါ်တင်လာတဲ့ ဓာတ်ငွေ့အိုးကို မနက်ခင် ကော်ဖီဖျော်သောက်ဖို့အတွက် ဖွင့်ဖို့ ကြိုးစားရာမှာ ပေါက်ကွဲမီးလောင်ခဲ့တာလို့ ဒေသခံ ခရိုင်အရာရှိတယောက်က အိန္ဒိယရုပ်သံကွန်ယက် ANIကို ပြောပါတယ်။
ပြတင်းပေါက်တွေကို မချိုးဖျက်ခင်အထိ ရထားတွဲထဲမှာ ပိတ်မိနေခဲ့တယ်လို့ ကယ်ဆယ်ခံ ခရီးသည် တယောက်က ပြောပါတယ်။
ကယ်ဆယ်ခံ ခရီးသည်တွေကို အနားက ရာဂျာဂျီ မီးရထားဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့ ANI သတင်းမှာ ဖော်ပြပါတယ်။
Source/Photo-Reuters