အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး အမှိုက်ပုံတွေထဲက တခုဖြစ်တဲ့ ၁၅ ဟက်တာ အကျယ်အဝန်းရှိတဲ့ ဆာရီမုတိအမှိုက်ပုံဟာ စနေနေ့ကတည်းက မီးလောင်မှုဖြစ်ပွားနေပြီး ရက်အတော်ကြာ ဆက်လက်ပျံ့နှံ့ လောင်ကျွမ်းနေကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။
လွှတ်ပစ်ထားတဲ့ စီးကရက်ဘူးခွံကနေ စလောင်ခဲ့တာဆိုတဲ့ အမှိုက်ပုံမီးဟာ ရှည်လျားတဲ့ ခြောက်သွေ့ရာသီရဲ့ လေတိုက်ခတ်မှုကြောင့် ဆက်လက် တောက်လောင်နေဆဲဖြစ်ပြီး ၂၅ ဟက်တာ အကျယ်အဝန်းရှိ အမှိုက်ဇုန်အတွင်း မီးတောက်တွေပါ ဖြစ်နေပြီး ဘေးကပ်ရက်ရှိ လူနေရပ်ကွက်တွေဆီ မီးခိုးတွေ ပျံ့နှံ့သွားခဲ့ပါတယ်။
ဒေသခံတွေဟာ အသက်ရှူ ခက်ခဲတာနဲ့ မျက်စိနာတာတွေ ခံစားရကြောင်း ထုတ်ဖော် တိုင်ကြားကြတာကြောင့် အနောက်ဘန်ဒေါင်း ဒေသအစိုးရဟာ သြဂုတ်လ ၂၃ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
မီးခိုးငွေ့တွေ ဆက်တိုက် ထွက်နေသေးတာကြောင့် အနီးနားရှိ စာသင်ကျောင်းတွေဟာ ကျောင်းသားတွေကို ကာကွယ်ပေးဖို့ အွန်လိုင်းကနေ ကျောင်းသင်ခန်းစာတွေကို သင်ကြားစေပါတယ်။
အနောက်ဂျာဗားခရိုင်ရဲ့ အနောက်ဘန်ဒေါင်း ကုန်းတွင်းပိတ်နယ်မြေရှိ ဆာရီမုတိအမှိုက်ပုံဟာ တစ်နေ့ကို အမှိုက်တန်ချိန် ၁၅၀၀ ထွက်ရှိတဲ့ ဘန်ဒေါင်းမြို့ အပါအဝင် သူ့ပတ်ဝန်းကျင်နဲ့ မြို့တွေရဲ့ အမှိုက်တွေ လွှင့်ပစ်စုပုံကြတဲ့ အချက်အချာနေရာဖြစ်ပါတယ်။
Source-Reuters