ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတို့ ပါတဲ့ BRICS အဖွဲ့ဟာ အာဂျင်တီးနား၊ အီဂျစ်၊ အီရန်၊ အီသီယိုးပီးယား၊ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို အဖွဲ့ဝင်သစ်တွေအဖြစ် ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တောင်အာဖရိကသမ္မတ စီရေးလ် ရာမာဖိုဆာက သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။
BRICS အစုအဖွဲ့ကို တိုးချဲ့တာနဲ့ ပတ်သက်တဲ့ အချေအတင် ဆွေးနွေးပွဲကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ သုံးရက်ကြာ ကျင်းပခဲ့ပြီး သြဂုတ် ၂၄ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။
BRICS အဖွဲ့ဝင် အားလုံးက အစုအဖွဲ့ကြီးထွားမှုအတွက် ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့ပေမဲ့ ခေါင်းဆောင်တွေအကြား ဘယ်လောက်များများနဲ့ ဘယ်လောက်မြန်မြန် တိုးချဲ့မယ် ဆိုတဲ့အပေါ် ခေါင်းဆောင်တွေကြား သဘောထားကွဲလွဲတာတွေ ရှိနေတယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
Source - Reuters