Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပို့
DVB
·
August 23, 2023

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနည်းပညာကို အသုံးပြုပြီး အွန်လိုင်းကနေ လိမ်လည်မှု ပြုလုပ်နေတယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်သံရုံးက သြဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ သံသယရှိသူ ၂ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် တရုတ်နိုင်ငံ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

သံသယရှိသူ တရုတ်နိုင်ငံသား ၂ ဦးအနက် တဦးဟာ လောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုရဲ့ အမာခံခေါင်းဆောင်ဖြစ်ပြီး အွန်လိုင်းလိမ်လည်ကျူးလွန်မှု ကိစ္စတွေမှာ အဓိကကျသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှု ပြုလုပ်နေတဲ့ တရုတ်နိုင်ငံသား ၆ ဦးကို တရုတ်နိုင်ငံ ဖမ်းဆီးပို့ဆောင်ခဲ့ပြီး အခုပို့ဆောင်မှုဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ တရုတ်သံရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ် ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ မြန်မာ၊ တရုတ်၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ ပူးပေါင်းပြီး ဒေသအတွင်း ပျံ့နှံ့နေတဲ့ အွန်လိုင်းလောင်းကစားနဲ့ ဆက်သွယ်​ရေး လိမ်လည်လှည့်ဖြားမှုမှ အစပြုတဲ့ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနဲ့ တရားမဝင် ထိန်းသိမ်းမှုလို ရာဇဝတ်မှုတွေကို အရှိန်အဟုန်မြှင့်ပြီး တိုက်ဖျက်ဖို့ အထူးစစ်ဆင်ရေးတရပ် ဆင်နွှဲသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် အရ အခုလိုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024