Home
မြန်မာသတင်း
မန္တလေးတွင် နေအိမ်မီးလောင်ပြီး သားအဖ ၃ ဦးသေဆုံး
DVB
·
August 23, 2023

မန္တလေး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုရပ်ကွက်မှာ နေအိမ်နှစ်လုံး မီးလောင်ပြီး အိပ်ပျော်နေတဲ့ သားအဖ သုံးယောက်လည်း မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဩဂုတ် ၂၂ ရက် ည ၁၁ နာရီလောက်က  မီးပျက်နေချိန် ဖယောင်းတိုင်မီးထွန်းပြီး အိပ်ရာက ခြင်ထောင် မီးစွဲပြီး  မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ 

အမရပူရမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တဦးက “ဦးလေးကြီးက လေဖြတ်နေတာလို့ ပြောတယ်။ သူ့ခြင်ထောင်နားမှာ ဖယောင်းတိုင်မီး ထွန်းပေးထားတာ။ ဖယောင်းတိုင်လဲပြီး ခြင်ထောင်ကို မီးစွဲတာ။ သားတွေကလည်း အိပ်ပျော်နေတော့ မသိလိုက်ဘူး။ တိုက်ထဲမှာ မီးက ကျိတ်လောင်နေတာ။ မီးလောင်ဒဏ်ရာတွေနဲ့ အပျက်အစီးကြားမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရတယ်”လို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လေဖြတ်နေတဲ့ ဦးလှဝင်းနဲ့ သားနှစ်ယောက် မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ နယ်မြေခံ လူမှုကူညီရေးအသင်းက ပို့ဆောင်ကူညီခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကို အမရပူရမြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့  မြို့ခံလူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ မီးသတ်ယာဉ် ၈ စီး၊ မီးသတ်ရေ သယ်ယာဉ် ၅ စီးနဲ့  မိနစ် ၃၀ ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဩဂုတ် ၁၈ ရက် ညပိုင်းကလည်း အမရပူရမြို့နယ်မှာ စည်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ 

Photo -  မီးသတ်ဦးစီးဌာန

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024