ပါကစ္စတန် အတိုက်အခံခေါင်းဆောင် ရှား မာမွတ်ကူရေးရှီးကို သြဂုတ် ၁၉ ရက်မှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သူ့ရဲ့ ပါကစ္စတန် တာရိခ် အီ အင်ဆဲ့ဖ်ပါတီ (PTI) ပါတီက ပြောပါတယ်။
နိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ဘယ်လို နှောင့်နှေးမှုကို မဆို တရားရုံးတွေမှာ စိန်ခေါ်မယ်လို့ ပြောကြားအပြီး နာရီပိုင်းအကြာမှာ ခုလို အဖမ်း ခံရတာပါ။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ၂ကြိမ် ဖြစ်ခဲ့ဖူးသူ ကူရေးရှီးကို ဖမ်းဆီးရတဲ့ သီးခြားအကြောင်းရင်း ကို ချက်ခြင်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဇူလ်ဖီ ဘူခါရီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အိမ်စောင့်ပြန်ကြားရေးဝန်ကြီးကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန် ပါဘူး။
ဘူခါရီဟာ ပါကစ္စတန်မှာ လက်ရှိဖြစ်နေတဲ့ အာဏာရှင်တွေနဲ့ မဲမသမာမှုတွေကို ဆန့်ကျင်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်အပြီး PTI ရဲ့ ရပ်တည်ချက်ကို ပြန်အတည်ပြုလို့ ဖမ်းဆီးခံရတာလို့ အရင်က Twitter လို့ ခေါ်တဲ့ လူမှုမီဒီယာပလက်ဖောင်း X မှာ ဘူခါရီက ပြောဆို ရှုတ်ချခဲ့ပါတယ်။
PTI ပါတီ ဥက္ကဋ္ဌ အမ်ရမ်ခန်းဟာလဲ အကျင့်ပျက်ခြစားမှု စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီးတဲ့နောက် လက်ရှိမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီး နောက်ထပ် ဘယ်ရွေးကောက်ပွဲမှာမဆို ဝင်မယှဉ်ပြိုင်ဖို့ ငါးနှစ် ပိတ်ပင်ခံထားရပါတယ်။
ခန်းကတော့ ဘယ်လို အမှားကိုမဆို ငြင်းဆိုထားပါတယ်။ ခန်းဟာ ၂၀၁၈ တွင် နောက်ဆုံး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး 2022 ခုနှစ်မှာ အယုံအကြည် မရှိ မဲနဲ့ ဖြုတ်ချ မခံရခင်အထိ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
Source-Reuters