စပိန်အသင်းနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ဟာ အသက်တမျှ အရေးကြီးတဲ့ ပွဲဖြစ်ကြောင်း အင်္ဂလန် အမျိုးသမီးအသင်းခေါင်းဆောင် မီလီဘရိုက်က ပြောပါတယ်။
အင်္ဂလန်နဲ့ စပိန်အမျိုးသမီးအသင်းတို့ရဲ့ ဗိုလ်လုပွဲစဉ်ကို ဒီကနေ့ ညနေ ၄ နာရီခွဲမှာ ယှဉ်ပြိုင်သွား ရမှာပါ။
နှစ်သင်းစလုံးအတွက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံအသင်းသစ် ထွက်ပေါ်လာမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံတဝန်းလုံးက ဘောလုံးအပေါ် ဘယ်လောက် ချစ်မြတ်နိုးသလဲဆိုတာနဲ့ ဘယ်လောက်အထိ အနိုင်ရရှိစေချင်သလဲဆိုတာ ကစားသမားတွေ သိထားကြပြီး အသက်တမျှ အရေးကြီးတဲ့ပွဲစဉ် ဖြစ်တယ်လို့ မီလီဘရိုက်က ပြောပါတယ်။
အင်္ဂလန်နည်းပြ ဝက်ဂ်မန်းကတော့ အင်္ဂလန်အသင်းပရိသတ်တွေရဲ့အားပေးပုံကို ချီးကျူးသွားခဲ့ပြီး အသင်းရဲ့နောက်မှာ နိုင်ငံတခုလုံး ရှိနေတာက အလွန်ထူးခြားပြီး ဘောလုံးကစားတာထက် အများကြီး အဓိပ္ပါယ်ရှိကြောင်း ပြောပါတယ်။