Home
အားကစား
အင်္ဂလန်အမျိုးသမီးအသင်း ကမ္ဘာ့ဖလားရယူလာရန် မန်ယူနည်းပြ တိုက်တွန်း 
DVB
·
August 19, 2023

အင်္ဂလန်အမျိုးသမီးအသင်းအနေနဲ့ ကမ္ဘာ့ဖလားရယူလာဖို့ မန်ယူနည်းပြတန်ဟတ်ကတိုက်တွန်း ပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းကို ဟော်လန်နည်းပြ ဝက်ဂ်မန်းက တာဝန်ယူကိုင်တွယ်နေတာဖြစ်ပြီး တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့အတွက် အောင်မြင်မှုရရှိစေချင်ကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

အင်္ဂလန်အသင်းဟာလာမယ့် တနင်္ဂနွေနေ့မှာ စပိန်အသင်းနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားရမှာပါ။ ဟော်လန်နည်းပြတစ်ဦးက အင်္ဂလန်အသင်းအတွက် ခမ်းနားကြီးကျယ်တဲ့အောင်မြင်မှုတွေ စွမ်းဆောင်ပြနေတာဟာ ဂုဏ်ယူစရာဖြစ်ကြောင်း၊ မိမိကိုယ်တိုင်လည်း အင်္ဂလန် အမျိုးသမီးအသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်တာကြောင့် ကမ္ဘာ့ဖလားချန်ပီယံဆုဖလားရယူလာနိုင်ဖို့ မျှော်လင့်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

ဗိုလ်လုပွဲရောက် အင်္ဂလန်အသင်းမှာ မန်ယူအမျိုးသမီးအသင်းက ကစားသမားသုံးဦး ပါဝင်နေပါတယ်။

အင်္ဂလန်နည်းပြ ဝက်ဂ်မန်းဟာ ယူရိုချန်ပီယံဆုဖလားကို ဟော်လန်နဲ့ အင်္ဂလန်အသင်းတွေ အတွက်ရယူပေးထားပြီး ဟော်လန်အသင်းနဲ့လည်း ၂၀၁၉ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အထိတက်ရောက်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024