Home
အားကစား
ချဲလ်ဆီးကိုရွေးချယ်ရသည့်အကြောင်းအရင်း  လာဗီယာ ထုတ်ဖော်ပြောဆို
DVB
·
August 19, 2023

ချဲလ်ဆီးအသင်းကို ရွေးချယ်ခဲ့တဲ့အဓိကအကြောင်းအရင်းသုံးချက်ကို ကွင်းလယ်ကစားသမားသစ် လာဗီယာက ပြောသွားပါတယ်။

ဘယ်လ်ဂျီယံကွင်းလယ်ကြယ်ပွင့်ဟာ အသက် ၁၉ နှစ်ပဲရှိသေးပြီး ချဲလ်ဆီးအပြင် လီဗာပူးအသင်းကလည်း ကမ်းလှမ်းခဲ့တာပါ။

ဒါပေမဲ့ ချဲလ်ဆီး အသင်းဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီလိုရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းသုံးချက်ကို လာဗီယာက ပြောသွားခဲ့တာပါ။

“အသင်းရဲ့စီမံကိန်းနဲ့ ရည်မှန်းချက်တွေက အဓိကကျတဲ့အပိုင်းတွေဖြစ်ပါတယ်။ ဒါ့အပြင် သမိုင်းအစဉ်အလာလည်း ပါဝင်ပါတယ်။ ဒီအချက်သုံးချက်ကိုစဉ်းစားဆုံးဖြတ်ပြီး ချဲလ်ဆီး အသင်းကိုပြောင်းရွှေ့လာခဲ့တာပါ။”

လာဗီယာဟာ မန်စီးတီးအသင်း အကယ်ဒမီကနေထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး ၂၀၂၂ ခုနှစ်ကမှ ဆောက်သမ်တန်အသင်းဆီ  အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။

မနှစ်က ဆောက်သမ်တန်အတွက် စုစုပေါင်း ၃၄ ပွဲကစားခဲ့ပြီး အသင်းကတန်းဆင်းခဲ့ရပေမဲ့ ခြေစွမ်းကောင်းတချို့ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024