ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းက ဂိုးသမား ကီပါအရီဇာဘာလာဂါကို တရာသီ အငှားစာချုပ် သဘောတူညီမှုနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ နှစ်သင်းစလုံးက သြဂုတ် ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိပြီတဲ့ ကီပါဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က လေ့ကျင်းရေးကွင်းမှာ ဒဏ်ရာရနေတဲ့ ရီးရဲလ်ဂိုးသမား ကော့တွိုက်စ်နေရာကို အစားထိုးနိုင်ဖို့ ရောက်ရှိလာမှာလည်း ဖြစ်ပါတယ်။
သူဟာ ချဲလ်ဆီးအသင်းကို ဘီလ်ဘာအိုအသင်းကနေ ၂၀၁၈ ခုနှစ်က ဂိုးသမားတဦးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ နဲ့ ရောက်ရှိလာတာဖြစ်ပြီး လန်ဒန်ကလပ်အသင်းမှာတော့ ဦးစားပေးကစားသမား မဖြစ်ခဲ့ပါဘူး။
သူ့ကို ဘိုင်ယန်မြူးနစ်အသင်းက ဒဏ်ရာရနေတဲ့ ဂိုးသမား မန်နူရယ်နူအာရဲ့ နေရာမှာ အစားထိုးဖို့ ကြိုးပမ်းနေပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းက လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Source - Reuters