Home
အားကစား
ဂရင်းဝုဒ်၏ အနာဂတ်ကို စက်တင်ဘာလအတွင်း အဖြေထုတ်ရန် မန်ယူဆုံးဖြတ်
DVB
·
August 15, 2023

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲပယ်ပြစ်ဒဏ်ပေးထားတဲ့ ဂရင်းဝုဒ်ရဲ့အနာဂတ်ကိစ္စကို စက်တင်ဘာလ အတွင်းမှာ အဖြေထုတ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

ဂရင်းဝုဒ်ဟာ အတူနေချစ်သူအမျိုးသမီးကို အဓမ္မကျင့်ဖို့ ကြိုးပမ်းမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ နိုင်ထက်စီးနင်းပြုလုပ်မှုတွေနဲ့ တရားစွဲဆိုခံခဲ့ရပြီးနောက် အမှုကျေအေးခဲ့တာကြောင့် ပြန်လွတ်လာခဲ့တာပါ။

ဒါပေမဲ့ မန်ယူအသင်းဘက်က အသင်းအတွင်းမှာ စုံစမ်းစစ်ဆေးမှုတွေထပ်လုပ်ပြီး ဂရင်းဝုဒ်ကို လေ့ကျင့်ခန်းဆင်းခွင့် မပေးသေးတာပါ။

မန်ယူအသင်းဟာ ဂရင်းဝုဒ်ရဲ့အနာဂတ်ကို ဘယ်လို လုပ်ဆောင်သင့်သလဲဆိုတာကို အမျိုးသမီးအသင်းက စီနီယာ ကစားသမားတွေ၊ စပွန်ဆာကုမ္ပဏီတွေ၊ ပရိသတ်အဖွဲ့တွေနဲ့ အတူ ဆွေးနွေးဆုံးဖြတ်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

အမျိုးသမီးအသင်းအဖွဲ့တွေဘက်ကတော့ ဂရင်းဝုဒ်ကို အသင်းကနေ ထုတ်ပယ်ဖို့ ဆန္ဒရှိနေကြတာပါ။ လက်ရှိအချိန်မှာ ဂရင်းဝုဒ်ဟာ အမှုဖြစ်ခဲ့သူ အမျိုးသမီးနဲ့ ကလေးတယောက် ရရှိ ထားပြီးဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024