ပီအက်စ်ဂျီတိုက်စစ်မှူးနေမာဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဆီကို ယူရိုသန်း ၉၀ နဲ့ ပြောင်းရွှေ့ဖို့ လက်ခံလိုက်ပြီဖြစ်ပါတယ်။
အသက် ၃၁ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ ဆော်ဒီကလပ်နဲ့ ဆေးစစ်မှု ခံယူနေပြီး အသင်းဘက်က ခမ်းနားကြီးကျယ်တဲ့ မိတ်ဆက်ပွဲပြုလုပ်ပြီး မိတ်ဆက်သွားဖို့ရှိ ပါတယ်။
နေမာဟာ ပီအက်စ်ဂျီမှာတုန်းက တစ်နှစ်ကို ယူရို ၂၅ သန်း လုပ်ခရရှိခဲ့ပေမဲ့ အသင်းသစ် အယ်လ်ဟီလယ်မှာ ယူရိုသန်း ၁၅၀ အထိရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပဲရစ်ကလပ်နဲ့ စုစုပေါင်း ၁၇၃ ပွဲ ကစားခဲ့ပါတယ်။
ပီအက်စ်ဂျီနည်းပြသစ် လူးဝစ် အင်းနရစ်ဟာ ရာသီကြိုကာလ ကတည်းက နေမာကို ချန်လှပ်ပြီး အသင်းရဲ့အနာဂတ်အစီအစဉ်မှာ မပါဝင်တော့ကြောင်း အသိပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။