ချဲလ်ဆီးအသင်းရဲ့ကမ်းလှမ်းကို နှစ်ကြိမ်မစဉ်းစားခဲ့ရကြောင်း ကွင်းလယ်လူသစ် ကိုင်ဆယ်ဒိုက ပြောပါတယ်။
အီကွေဒေါကွင်းလယ်လူဟာ ဘရိုက်တန်ကနေ ချဲလ်ဆီးကို ဗြိတိသျှစံချိန်တင်ပြောင်းရွှေ့ ကြေးဖြစ်တဲ့ ပေါင် ၁၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
အသင်းနဲ့အတူ တရားဝင်စာချုပ်ချုပ်ဆိုအပြီး ပြုလုပ်ခဲ့တဲ့ ပထမဆုံးအင်တာဗျူးမှာ ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့ဖို့ နှစ်ကြိမ်မစဉ်းစားခဲ့ကြောင်း ပြောခဲ့တာပါ။
“ ချဲလ်ဆီးအသင်းက ကျနော့်ကိုကမ်းလှမ်းလာချိန်မှာ နှစ်ခါမစဉ်းစားခဲ့ပါဘူး။ ချဲလ်ဆီးအသင်း အတွက် ကစားချင်ခဲ့တာ အရင်ကတည်းကဖြစ်တယ်။ ခုတော့ အိပ်မက်တခုအမှန်တကယ်ဖြစ် လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူပွဲထွက်ကစားဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ကိုင်ဆယ်ဒိုကပြောပါ တယ်။
ကိုင်ဆယ်ဒိုဟာ လီဗာပူးအသင်းဆီပြောင်းရွှေ့ဖို့ ပေါင် ၁၁၁ သန်းနဲ့ သဘောတူညီခဲ့ပေမဲ့ ချဲလ်ဆီးရဲ့ နောက်ဆုံးအကြိမ်ကမ်းချက်ကို လက်ခံခဲ့တာပါ။
ချဲလ်ဆီးရဲ့ကမ်းလှမ်းချက်ဟာ ကနဦး ပေါင်သန်း ၁၀၀ ဖြစ်ပေမယ့် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ်ပေါင် ၁၅ သန်း ပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။