တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ မော်တုန်းကျေးရွာသား ၁၄ ယောက်အနက် ၁၃ ေယာက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်က သြဂုတ် ၁၂ ရက် မနက်က အရှေ့မော်တုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်လာပြီး ရွာသား ၁၄ ေယာက်ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒေသခံတဦးက “၁ ယောက်ပဲကျန်ပြီ။ ကျန်တဲ့လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ အားလုံးက ယောကျ်ားသားတွေပဲလို့ပြောတယ်။ ဒီတိုင်း ပြန်လွှတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေမှာ ဒေသခံ လူလတ်ပိုင်း အမျိုးသားတွေဖြစ်ပြီး သူတို့ထဲက ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျန် ၁ ဦးကို ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးထားတဲ့ ပြည်သူ ၁ ဦးကို စစ်ကောင်စီတပ်က အပြင်းအထန် ရိုက်နှက် စစ်ဆေးနေပြီး ခန္ဓာကိုယ်ပေါ်မှာ ဓားနဲ့မွှန်းထားတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ ပြောပါတယ်။
“သူ့မှာက ဖုန်းထဲက စစ်ချက်တွေတွေ့တယ်လို့ ပြောတယ်။ စစ်ဆေးတာ ပြန်မဖြေလို့ ဓားတွေနဲ့မွှန်းထားတယ်တဲ့။ အဲ့တယောက်ကို ၅၅၇ ကိုေ ခါ်ဆောင်သွားတယ်” လို့ ဒေသခံက ဆက်ပြောပါတယ်။
စစ်ကြောင်းဝင်လာတုန်းက ဖမ်းဆီးသိမ်းဆည်းထားတဲ့ ဒေသခံတွေရဲ့ ဆိုင်ကယ် ၄ စီးကိုလည်း ငွေ ၂ သိန်းနဲ့ သွားရောက်ထုတ်ယူလိုက်ရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ခန့် စစ်ကြောင်းထိုးလာပြီးနောက် အရှေ့မော်တုန်းကျေးရွာ၊ ထုံနွယ်၊ ရွာမနဲ့ အနောက်မော်တုန်းကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အဆိုပါကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကပါ နှစ်ဖက်စလုံး အင်အားဖြန့်ကျက်ထားပြီး လက်ရှိအချိန်ထိတော့ တိုက်ပွဲမဖြစ်သေးပေမဲ့ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။