Home
အားကစား
အမ်ဘာပေကို ၂၀၂၅ ခုနှစ်အထိ ပီအက်စ်ဂျီသက်တမ်းတိုးမည်
DVB
·
August 14, 2023

ပီအက်စ်ဂျီအသင်းသားတွေနဲ့အတူ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ခွင့်ရရှိခဲ့တဲ့ အမ်ဘာပေဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သွားဖို့ရှိပါတယ်။

အမ်ဘာပေဟာ အသင်းနဲ့ အဆင်မပြေဖြစ်ခဲ့လို့ လေ့ကျင့်ခန်းဆင်းခွင့်မရခဲ့ပေမဲ့ အသင်းဥက္ကဋ္ဌ အယ်ခါလိုင်ဖီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းခွင့်ရခဲ့တာပါ။

အမ်ဘာပေကို ဆော်ဒီကလပ်အယ်လ်ဟီလယ်အသင်းက ပေါင် ၂၅၈ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ပီအက်စ်ဂျီဘက်က အကြမ်းဖျင်းလက်ခံခဲ့ပါတယ်။

ဒါပေမဲ့ အမ်ဘာပေဘက်က ပယ်ချခဲ့တယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ်မှာ စာချုပ်ကုန်ဆုံးမယ့် အမ်ဘာပေဟာအသင်းနဲ့ ဆက်ဆံရေးပြန်လည်အဆင်ပြေခဲ့ပြီဖြစ်လို့ ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးဖို့ရှိနေပါတယ်။

ဒါပေမဲ့ လာမယ့်ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထား ကြောင်းလည်း သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024