ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က ရေဘေးသင့်ပြည်သူတွေက အမှတ် ၁ မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစုက အခြေခံစားသောက်ကုန်တွေ ဝေမျှခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုရဲ့ ရိက္ခာတွေထဲက ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ စတဲ့ စားသောက်ကုန်တွေကို Helping Myanmar Group - Koh Phangan in Thailand အဖွဲ့၊ "ရာဇသံ" အဖွဲ့၊ "နွေဦးတီတီမမ" အဖွဲ့နဲ့ တခြား အလှူရှင်တွေကလည်း ပါဝင်ကူညီပေးထားတယ်လို့ ဆိုပါတယ်
တော်လှန်ရေးတပ်ပေါင်းစုက ရေဘေးသင့်ပြည်သူတွေကို အခြေခံစားသောက်ကုန်တွေ ဝေနေတုန်းမှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက် ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်တွေက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ ရေကြီးရေလျှံဖြစ်လို့ ထောင်နဲ့ချီတဲ့ ရေဘေးသင့်ပြည်သူတွေ အရေးပေါ်စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေပါတယ်။