Home
အားကစား
အာရပ်ချန်ပီယံဖလားတွင် အယ်နာဆာအသင်း ပထမဆုံးဗိုလ်စွဲ၊ ရော်နယ်ဒို ဂိုး ၂၀ သွင်း
DVB
·
August 13, 2023

၂၀၂၃ အာရပ်ချန်ပီယံဖလားပြိုင်ပွဲဗိုလ်လုပွဲကို သြဂုတ် ၁၂ ရက်က ဆော်ဒီအာရေဗျနိုင်ငံမှာ ယှဥ်ပြိုင် ကစားခဲ့ရာ ရော်နယ်ဒိုရဲ့သွင်းဂိုးတွေနဲ့ အယ်နာဆာအသင်းက အယ်ဟီလယ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။

အယ်ဟီလယ်အသင်းက ဦးဆောင်ဂိုးကို ပွဲချိန် ၅၁ မိနစ်မှာ မိုက်ကယ်ကသွင်းယူခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာ အယ်နာဆာနောက်တန်းကစားသမား အေအမ်ရီပါအနီ ကတ်ပြခံရခဲ့ပေမဲ့ အသုံးမချ နိုင်တာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

တယောက်လျော့ အယ်နာဆာအသင်းဟာ လိုအပ်နေတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးများကို တိုက်စစ်မှုး ခရစ္စတီရာနိုရော်နယ်ဒိုက ပွဲချိန် ၇၄ မိနစ်နဲ့ ၉၈ မိနစ်တို့မှာ သွင်းယူခဲ့ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုက "အရေးကြီးတဲ့ဆုဖလားကိုပထမဆုံးရရှိအောင်ကူညီပေးနိုင်တဲ့အတွက် ဂုဏ်ယူမိ ပါတယ်။ ဒီအောင်မြင်မှုမှာပါဝင်ပေးခဲ့တဲ့ အသင်းသားတွေ အားလုံး၊ မိသားစုနဲ့ သူငယ်ချင်းများပါ ကျေးဇူးတင်ပါတယ်" လို့ ဆိုရှယ်မီဒီယာအကောင့်မှာ ဖော်ပြခဲ့ပါတယ်။

အယ်နာဆာအသင်းဟာ အသင်းသမိုင်းတလျှောက် အာရပ်ချန်ပီယံဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့သလို ရော်နယ်ဒိုကလည်း ဆော်ဒီရောက်ရှိပြီးနောက် သူရဲ့ပထမဆုံးဖလားကို ဆွတ်ခူး ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဆုဖြစ်တဲ့ ရွှေဖိနပ်ဆုကို တိုက်စစ်မှုးရော်နယ်ဒိုက သွင်းဂိုး ၆ ဂိုးနဲ့ ဆွတ်ခူးခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို အယ်နာဆာဂိုးသမား နာဝက်ဖ်အလာကွီဒီက ရရှိခဲ့ ပါတယ်။

ရော်နယ်ဒိုဟာ အယ်နာဆာအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ၂၄ ပွဲ ကစားခဲ့ပြီး ဂိုး ၂၀ သွင်းယူခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024