ပြင်သစ်နိုင်ငံကနေ ရေလက်ကြားကိုဖြတ်ကူးဖို့ ကြိုးပမ်းတဲ့ ရွှေ့ပြောင်းလှေတစီးဟာ သြဂုတ်လ ၁၂ ရက် စနေနေ့ အစောပိုင်းမှာ တိမ်းမှောက်သွားခဲ့ရပြီးနောက် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၅၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၆ နာရီ လောက်မှာ ဒါဇင်နဲ့ချီတဲ့ ရွှေ့ပြောင်းလှေတွေဟာ ဖြတ်ကူးဖို့ ကြိုးစားနေကြတာကြောင့် ကြီးမားတဲ့ ကယ်ဆယ်ရေးကိုလည်း တချိန်တည်းမှာပဲ စတင်ခဲ့ရကြောင်း ပြောဆိုပါတယ်။
အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း ရေကြောင်းစီရင်စုမှ အတည်ပြုခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဗြိတိန်ကမ်းခြေစောင့်တပ်ဟာ ကယ်ဆယ်ရေးမှာ ကူညီဖို့အတွက် ကမ်းခြေစောင့် ကယ်ဆယ်ရေးအဖွဲ့နဲ့ လူနာတင်ယာဉ်ဝန်ထမ်းတွေနဲ့အတူ မြို့တော်ဒိုဗာကနေ အသက်ကယ်လှေတစ်စင်း စေလွှတ်ခဲ့တယ်လို့လည်း ပြောပါတယ်။
Source-Reuters