တိုက်စစ်မှူး အန်ကတ်တီယာဟာ ကစားသမားအားလုံးအတွက် အတုယူစရာစံပြ ကစားသမား ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ချီးကျူးပါတယ်။
အာဆင်နယ်တိုက်စစ်မှူးဟာ ဂျေဆု ဒဏ်ရာကြောင့် မကစားနိုင်ချိန်မှာ ပွဲထွက်ခွင့်ရခဲ့ပြီး နော်တမ်ဟမ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။
အန်ကတ်တီယာဟာ လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန်ကြိုးစားခဲ့လို့ ပွဲထွက်ခွင့်မဖြစ်မနေပေးဖို့ ဖြစ်လာတယ်လို့ အာတေတာကပြောပါတယ်။
နည်းပြအာတီတာက “ပွဲမကစားရတဲ့ကစားသမားတွေက သူတို့ဘာကြောင့် မကစားရတာလဲဆိုပြီး မေးခွန်းထုတ်လေ့ရှိတယ်။ တချို့ကတော့ ပွဲကစားခွင့်ရဖို့ ထိုက်တန်တယ် ဆိုတဲ့အကြောင်း လေ့ကျင့်ရေးကွင်းမှာ ပြသကြတယ်။ အန်ကတ်တီယာက အဲဒီလို လေ့ကျင့်ရေးကွင်းမှာ ပြသနိုင်တဲ့ ကစားသမားဖြစ်တယ်။ ဒါကြောင့် သူဟာ ကစားသမားအားလုံးအတွက် အတုယူစရာ စံပြကစားသမားဖြစ်တယ်ဆိုတာ ရှင်းပါတယ်”လို့ ပြောပါတယ်။
အာဆင်နယ်ဟာ နော်တမ်ဟမ်နဲ့ အဖွင့်ပွဲစဉ်မှာ အန်ကတ်တီယာ၊ ဆာကာတို့ရဲ့ သွင်းဂိုး ၂ ဂိုး နဲ့အတူ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။