စပါးအသင်းဟာ ဘိုင်ယန်အသင်းဆီပြောင်းရွှေ့သွားတဲ့ ဟယ်ရီကိန်းရဲ့နေရာမှာ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ မနှစ်က အင်တာမီလန်မှာ အငှားသွားရောက်ကစားခဲ့ပြီး ချဲလ်ဆီးအသင်းက ရောင်းချဖို့ပြင်ဆင်ထားတာပါ။
လူကာကူအနေနဲ့ အီတလီကိုပြန်သွားဖို့ဆန္ဒရှိနေပေမဲ့ စပါးအသင်းရဲ့ ကမ်းလှမ်းချက်ရရှိမယ်ဆိုရင် ပရီးမီးယားလိဂ်ဆီ ပြန်လာနိုင်ကြောင်း အီတလီသတင်းစာ လာဂက်ဇက်တာဒယ်လိုစပေါ့က ဖော်ပြပါတယ်။
လူကာကူဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းဆီ ပြန်ရောက်နေပေမဲ့ နည်းပြပိုချက်တီနို အနေနဲ့လည်း လူကာကူကို ရောင်းချဖို့ ရှိပါတယ်။
စပါးအသင်းဟာ လူကာကူနဲ့ အဆင်မပြေဖြစ်ခဲ့မယ် ဆိုရင်တော့ ပေါ်တိုတိုက်စစ်မှူး တာရီမီကို ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့သိရပါတယ်။