Home
နိုင်ငံတကာ
ယီမင်၌ ပြန်ပေးဆွဲခံ ကုလ လုံခြုံရေးဝန်ထမ်း ၅ ဦး ပြန်လွတ်
DVB
·
August 12, 2023

ယီမင်မှာ လွန်ခဲ့တဲ့ ၁၈ လက အယ်လ်ကိုင်ဒါ စစ်သွေးကြွတွေ ပြန်ပေးဆွဲခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ဝန်ထမ်း ၅ ဦး ပြန်လွတ်လာကြပြီဖြစ်ကြောင်း ကုလသမဂ္ဂက သြဂုတ် ၁၁ ရက်မှာ ပြောကြား ခဲ့ပါတယ်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ လွတ်မြောက်လာကြတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေ - ယီမင်မှ ၄ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်မှ ၁ ဦး ကို ကြိုဆိုခဲ့ပြီးတော့ ပြန်ပေးဆွဲမှုဟာ လူမဆန်စွာနဲ့ တရားမျှတမှု မရှိတဲ့ ရာဇ၀တ်မှုဖြစ်တယ်လို့ ထပ်လောင်း ပြောကြားပြီး ကျူးလွန်သူတွေကို တာဝန်ခံဖို့ တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားခဲ့ပါတယ်။ 

ယီမင်ရှိ ကုလသမဂ္ဂထိပ်တန်းအရာရှိ ဒေးဗစ် ဂရက်စ်လီဟာ လွတ်မြောက်လာသူတွေနဲ့  တွေ့ဆုံခဲ့ပြီး ဓားစာခံတွေ ဘေးကင်းကင်း လွတ်မြောက်ရေးအတွက် သူ့တပ်ဖွဲ့ဝင်တွေနဲ့ ကူညီဆောင်ရွက်ပေး ခဲ့တဲ့ ယီမင်တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ အကြီးအကဲနဲ့လည်း တွေ့ဆုံစေခဲ့ပါတယ်။

လွတ်မြောက်လာကြတဲ့ ဝန်ထမ်းတွေဟာ သူတို့ဖြတ်သန်းခဲ့ရတဲ့ အရာတိုင်းကြားမှာပဲ ကျန်းမာရေးလည်း အရမ်းကောင်းပြီး စိတ်ဓာတ်အခြေအနေလည်း ကောင်းမွန်ပါတယ်လို့ ယီမင်ရှိ ကုလသမဂ္ဂထိပ်တန်းအရာရှိ ဒေးဗစ် ဂရက်စ်လီက သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါပေမယ့် သူတို့ဟာ အလွန်ခက်ခဲတဲ့  ၁၈ လတာ အထီးကျန်ကာလကို ဖြတ်သန်းခဲ့ရပါတယ် လို့လည်း ဆိုပါတယ်။ 

ကုလသမဂ္ဂဝန်ထမ်းတွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က ယီမင်နိုင်ငံတောင်ပိုင်း အဘ်ယံန် ဒေသမှာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ 

အာရေဗျကျွန်းဆွယ်ရှိ ယီမင်အခြေစိုက် အယ်လ်ကိုင်ဒါအဖွဲ့ (AQAP) ဟာ သူ့ရဲ့သြဇာကို မြှင့်တင်ဖို့ အတွက် ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ အီရန်ဘက် ယိမ်းတဲ့ ဟူသီတွေအကြားက ပဋိပက္ခကို အသုံးချခဲ့တာပါ။ 

AQAP ဟာ "တိုးပွားလာတဲ့ ခြိမ်းခြောက်မှု" ဖြစ်ကြောင်း ဂရက်စ်လီက သတိပေး ပြောကြား ခဲ့ပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024